Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

ဆိုရေးရှိကဆိုအပ်လှ၏

Saturday, May 8, 2010

သမ္မာသမ္ဗုဘုရား၏ ဂုဏ်တော်မှာ ကိုးပါးရှိ၏။ ထိုဂုဏ်တို့ကို ရွတ်ဆိုခြင်းဖြင့် ကမ္မဠာန်းဘာဝနာအဖြစ် ပွားများခြင်းတို့သည် ကုသိုလ်ကောင်းမှု ဖြစ်၏။ ကိုယ်စိတ်နှစ်ပါးကို တည်ငြိမ်အေးချမ်းစေ၏။ ပညာဉာဏ်ကို ကြီးမားစေ၏။ ဘေးအန္တရာယ်များမှ ကင်းလွတ်စေနိုင်၏။ ရှင်တော်မြတ်ဘုရား၏ ဂုဏ်ကျေးဇူးကား အတိုင်းအဆမရှိ ကြီးမားလှဘိ၏။

မြတ်ဘုရား၏ ဂုဏ်တော်ကို ရွတ်ဆိုပွားများခြင်းဖြင့် ရရှိခံစားအပ်သော အထက်ဖော်ပြပါ အကျိုးကျေးဇူးမျှ နှင့် ရောင့်ရဲတင်းတိမ် မနေသင့်ပေ။ ဗုဒ္ဓသာသနာတော်တွင်ရှိသော အံ့ဖွယ်ရှစ်ပါးအနက်တစ်ပါးအပါအဝင် ဖြစ်သည့် လွတ်မြောက်မှုအရသာကိုလည်း ကိုယ်တိုင်ရရှိ ခံစားရလေအောင် ဝိပဿနာ ပွားများ သင့်ပေ သည်။

လွတ်မြောက်မှုအရသာကို ခံစားဖူးသူ (မဂ်ဖိုနိဗ္ဗာန်ကို မျက်မှောက်ပြုဖူးသော အရိယာသာဝက)သာလျှင် ရှင်တော်မြတ်ဘုရား၏ ဂုဏ်တော်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပေသည်။ ချမ်းသာကင်းရာ အပါယ် လေးပါးမှ လည်းကောင်း၊ သံသရာဝဋ်ဒုက္ခ အပေါင်းမှ လည်းကောင်း လွတ်မြောက်သည်အထိ လမ်းညွှန်ပြသ ပေးသော ရှင်တော်မြတ်ဘုရားက ဝေနေယျသတ္တဝါအပေါင်း တို့အား ပြုပေးတော်မူခဲ့သော ကျေးဇူးတော်ကို လည်း လက်တွေ့ဒိဠခံစားနိုင်ပေသည်။ ရှင်တော်မြတ်ဘုရား၏ ဂုဏ်တော်ကို ထင်ထင်ရှားရှား မြင်တွေ့ ရခြင်းအလို့ငှာလည်းကောင်း၊ ပြုပေးတော် မူခဲ့သော ကျေးဇူးတော်ကို လက်တွေ့ဒိခံစားရခြင်း အလို့ငှာ လည်းကောင်း ဝိပဿနာ ဘဝနာကိုပွားများ အားထုတ်အပ်ပေသည်။ အားထုတ်ရမည့် နည်းလမ်းကို ရှင်တော်မြတ်ဘုရားသည် မာဂဓဘာသာပါဠိ စကားဖြင့် (ပါဠိတော်) မိန့်ကြားတော်မူခဲ့ပေသည်။

လူဝတ်ကြောင်တို့၏ လောကီနယ်တွင် ပါဠိစကားအသုံးများခြင်း မရှိသောကြောင့် တတ်သိပညာရှင်တို့သည် ပါဠိစာပေမှ မြန်မာစာပေ၊ အင်္ဂလိပ်စာပေ အစရှိသည်ဖြင့် အသီးသီးပြန်ဆိုပေးကြ၏။ ထိုသို့ ပြန်ဆိုပြုစုပေး ကြသောကြောင့် ကိစ္စမြားမြောင်လှသည့် လူ့ဘဝမှ လူသားတို့သည် မိမိတတ်ကျွမ်းသော ဘာသာစကားဖြင့် ဗုဒ္ဓသာသနာနှင့် ထိတွေ့ခွင့်ရခြင်း ဖြစ်ပေသည်။ ဓမ္မရသကို ကောင်းစွာခံစားရခြင်း ဖြစ်ပေသည်။ ကျေးဇူးတရား ကား များပြားလှ၏။

ထိုသို့ ဘာသာပြန်ဆိုကြရာ၌ မူရင်း ပါဠိဘာသာမှ သဘောအဓိပ္ပယ်အတိုင်း မိမိဘာသာသို့ ပြန်ဆိုရန်မှာ ခက်ခဲသိမ်မွေ့ လှပေသည်။ အချို့သောအရာတို့၌ အနီးစပ်ဆုံးသော ဝေါဟာရဖြင့်ပြန်ဆိုရသောကြောင့် ဆိုလိုရင်းသဘောမှ အနည်းငယ် တိမ်းစောင်းနိုင်ပေသည်။ ထို့ပြင်ဘာသာပြန်ဆိုသူသည် ပမာဒလေခပြီး (စိတ်မပျံ့လွင့်သင့်သည်၌ ပျံ့လွင့်မိခြင်းကြောင့်) မှားယွင်းနိုင်သေး၏။

ထို့ကြောင့် ဗုဒ္ဓနှုတ်တော်မှ ထွက်သော ဗုဒ္ဓဝစနများအတိုင်း သံဂါယနာတင်ထားသည့် ပါဠိပိဋကကျမ်းဂန် တို့ကို ဖတ်ရှုလေ့လာနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပါဠိစာပေကို တတ်ကျွမ်းမှု မရှိလျှင် ပါဠိသက် ဝေါဟာရများ အလျှံပယ်ပါရှိသော မြန်မာစာပေကို တတ်ကျွမ်းသင့်ပေသည်။

မြန်မာစာကို ရေးတတ်-ဖတ်တတ်သော်လည်း အဓိပ္ပယ်ကောက်ယူမှု၌ လွဲမှားနိုင်သေး၏။ ဥပမာ- သတိ သမ္ပဇဉ်ဟူသော ဝေါဟာရသည် ပါဠိစာ ပါဠိသုံး ဖြစ်၏။ ယခုအခါ မြန်မာစာ မြန်မာသုံးလည်း ဖြစ်နေ၏။ ထိုသမ္ပဇဉ်ကိုဗုဒ္ဓဘာသာ မြန်မာစာပေ ပညာရှင်များက သတိ = ဘုရား အစရှိသော ကောင်းသောအာရုံ တို့ကိုအောက်မေ့ခြင်းလက္ခဏာ ရှိသောသဘော၊ သမ္ပဇဉ် = ဆင်ခြင်ဉာဏ်ဟူ၍ ဘာသာပြန်ဆိုကြ၏။
ရပ်ထဲရွာထဲ၌မူကား 'သတိ' ကို 'သတိမမူ ဂူမမြင်'၊ 'မီးသတိပြု' စသည်ဖြင့် ပြောဆိုရေးသား သုံးနှုန်းကြ၏။ သမ္ပဇဉ်ကို ဆင်ခြင်တုံတရား အဖြစ်လည်းကောင်း၊ ဆည်းပူးလေ့လာ ကျက်မှတ်ထားသော ပရမတ္ထတရား လေးပါးတို့၏ သဘောကို စဉ်းစား တွေးခေါ်ခြင်းအဖြစ်လည်းကောင်း၊ ကျင့်စဉ်ကမ္မဋ္ဌာန်းနှင့် စပ်လျဉ်း၍ တွေးတောကြံဆခြင်း အဖြစ် လည်းကောင်း ပြောဆိုရေးသား တွေးခေါ်ကြ၏။

ဆင်ခြင်တုံတရားသည်လည်းကောင်း၊ စဉ်းစားတွေးခေါ်ခြင်းလည်းကောင်း၊ တွေးတောကြံဆခြင်းသည် လည်းကောင်း တွေးခေါ်မှု၌ ရင့်ကျက်စေနိုင်၏။ ဗုဒ္ဓဘာသာကို လေ့လာလျှင် စိန္တာမယဉာဏ်ကို ဖြစ်နိုင်၏။ ဘာဝနာမယဉာဏ်ကို မူကား မဖြစ်စေနိုင်။ အကြောင်းမူကား ပရမတ္ထ သဘာဝတရားတို့ကို ဆင်ခြင်တုံ တရားဖြင့် (ဝါ) စဉ်းစား တွေးခေါ်ခြင်းဖြင့် (ဝါ) တွေးတောကြံဆခြင်းဖြင့် ဗုဒ္ဓ အလိုကျ မသိမြင်နိုင်သော ကြောင့် ဖြစ်၏။ ကမာန်းတရားကို လက်တွေ့ အားထုတ်မှသာလျှင် ပရမတ္ထ သဘာဝတရား တို့ကို ထိုးထွင်း ၍ သိမြင်နိုင်၏။ ထို့ကြောင့် အချို့သောသူတို့ သုံးနှုန်းပြောဆို နေသည့် သတိသမ္ပဇဉ် တရားသည် ရှင်တော် မြတ်ဘုရား၏ ဆိုရင်းသဘောမှများစွာပြောင်းလဲသွားကြောင်း သိအပ်ပေသည်။ ရှင်တော်မြတ်ဘုရားသည် သတိသမ္ပဇဉ်တရားကို ကမ္မာန်းတရားအားထုတ်သူတို့အား (သမထကမ္မဠာန်းကို ဖြစ်စေ၊ ဝိပဿနာ ကမ္မာန်းကို ဖြစ်စေ) လက်ကိုင်ထားကာ ကျင့်သုံးအပ်သည့်တရားအဖြစ် ဟောကြား တော်မူခြင်း ဖြစ်ပေသည်။

သတိသမ္ပဇဉ်ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပယ်ကို ဝိသုဒ္ဓိမဂ္ဂ အဠကထာ မြန်မာပြန် ပထမတွဲစာမျက်နှာ ၃၁၀ ၌ ဖွင့်ပြသည်မှာ သတိသည် အောက်မေ့ခြင်းလက္ခဏာ ရှိ၏။ မမေ့မလျော့ခြင်းကိစ္စရသ ရှိ၏။ ကိ လေသာတို့မှ စောင့်ရှောက်ခြင်းလျှင် ထင်သောအခြင်းအရာရှိ၏။ သမ္ပဇဉ်-(သမ္ပဇည) သည် မတွေဝေ ခြင်း လက္ခဏာ ရှိ၏။ ဆုံးခန်းတိုင်ရောက်အောက်ကူးခတ်နိုင်သောကိစ္စရသ ရှိ၏။ စိစစ်စုံစမ်းခြင်းလျှင် ထင်သောအခြင်းအရာရှိ၏။

ကမာန်းနှင့်စပ်လျဉ်း၍ ဆက်လက်ဖွင့်ပြသည်မှာ 'သတိလွတ်သော၊ သမ္ပဇဉ်ပညာကင်းသော သူအား ဥပစာရ သမာဓိမျှလည်း မပြည့်စုံနိုင်။ အပ္ပနာဈာန်မူကား ဆိုဖွယ်ရာမရှိ။ မပြည့်စုံသည်သာ ဖြစ်၏။' သို့ဖြစ်၍ သတိသမ္ပဇဉ်တရားကို မြန်မာမှုပြုသော် သမထကမ္မာန်းတွင် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိ မိတ်တို့၌ သတိတရားဖြင့် ရှုကြည့်နေခြင်းဟုလည်းကောင်း၊ ဝိပဿနာကမ္မဠာန်းတွင် ခန္ဓာငါးပါး(ရုပ်နာမ် နှစ်ပါး) တို့၌ သတိတရားဖြင့် ရှုလျက်နေခြင်းဟုလည်းကောင်း သုံးနှုန်းသင့်ပေသည်။ သတိသမ္ပဇဉ်တရား နှင့်စပ်လျဉ်း၍ ရှင်တော်မြတ်ဘုရားသည် သတိပဠာနသံယုတ်တွင် ဤသို့ မိန့်ကြားတော်မူခဲ့ပေသည်။

'ရဟန်းတို့- ရဟန်းသည် သတိသမ္ပဇဉ်နှင့် ပြည့်စုံလျက် နေရာ၏။ ဤကား ငါတို့၏ အဆုံးအမဖြစ်၏။ ရဟန်းတို့- ရဟန်းသည် အဘယ်သို့လျှင် သတိနှင့်ပြည့်စုံလျက်နေရာသနည်း ဆိုသော် ဤသာသနာ၌ ရဟန်းသည် ကိုယ်၌ကိုယ်ဟု အဖန်ဖန်ရှုလျှက်နေ၏။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေ၏။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေ၏။ တရားသဘောဟု အဖန်ဖန်ရှုလျက် နေ၏။'

'ရဟန်းတို့- ရဟန်းသည် အဘယ်သို့လျှင် သမ္ပဇဉ်နှင့်ပြည့်စုံလျက်နေရာသနည်း ဆိုသော် ဤသာသနာ၌ ရဟန်းသည် ရှေ့သို့တိုးခြင်း-နောက်သို့ ဆုတ်ခြင်း၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ တည့်တည့်ကြည့်ခြင်း- တစောင်းကြည့်ခြင်းနှင့် တွေးခြင်း- ဆန့်ခြင်း- ဒုကုဋ်- သပိတ်- သင်္ကန်းကိုဆောင်ခြင်း၌၊ စားခြင်း သောက်ခြင်း- ကိုက်ခြင်း- လျက်ခြင်း- ကျင်ကြီးကျင်ငယ်စွန့်ခြင်း၌၊ သွားခြင်း- ရပ်ခြင်း- ထိုင်ခြင်း- အိပ်ခြင်း- နိုးကြားခြင်း၌၊ စကားပြောခြင်း-ဆိတ်ဆိတ်နေခြင်း၌ ဆင်ခြင်ဉာဏ်ဖြင့်ပြုလေ့ရှိ၏။ ရဟန်းတို့- ရဟန်းသည် ဤသို့လျှင် သမ္ပဇဉ်နှင့်ပြည့်စုံလျက် နေရာ၏။ ဤကား ငါတို့၏ အဆုံးအမဖြစ်၏။'

ထို့ကြောင့် သတိသည် သတိပဠာန်လေးပါးကို အဖန်ဖန်ရှုလျက် နေခြင်းဖြစ်၏။ သမ္ပဇဉ်သည် ဣရိယာပုတ် လေးပါးတို့၌ လည်းကောင်း၊ စားသောက်ခြင်းတို့၌လည်းကောင်း၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်းတို့၌ လည်း ကောင်း၊ ခြေလက်အင်္ဂါကြီးငယ် လှုပ်ရှားခြင်းတို့၌လည်းကောင်း ဆင်ခြင်ဉာဏ်ဖြင့်ပြုလျက် နေခြင်း ဖြစ်၏။ ဆင်ခြင်တွေးတောနေခြင်း မဟုတ်ပေ။ ကြ့ဆနေခြင်း လည်း မဟုတ်ပေ။

စာရှုသူတို့သည် သမထကမ္မာန်း(ဝါ)ဝိပဿနာကမ္မာန်း အားထုတ်ကြရာ၌ သတိသမ္ပဇဉ်တရား လက်ကိုင် ထားခြင်းဖြင့် လိုရာပန်းတိုင်ဖြစ်သော ဈာန်အဘိညာဉ် (ဝါ) မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရလွယ်ရောက်လွယ် ကြပါစေ ဟု ဆန္ဒပြုအပ်ပါသတည်း။
ဦးအောင်အေး (သဲကုန်း)
၁၉၉၀၊ ဖေဖော်ဝါရီလ၊ အမှတ် ၂။