Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

ဓမ္မဒါန

Tuesday, July 27, 2010

ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ

ဗုဒ္ဓဘာသာဟူသည်မှာ အဘယ်နည်း။ဗုဒ္ဓ၏အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ်
ဟောပြောဆုံးမတော်မူအပ်သော ဗုဒ္ဓ၏အဆုံးအမစကားတော်ဟူသမျှကို ဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။ဗုဒ္ဓဘာသာ၏အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပြီးလျှင်ဗုဒ္ဓဘာသာဝင်
ဆိုသော ဝေါဟာရ၏အနက်အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်ပေသည်။ဗုဒ္ဓဘာသာဝင်
ဟူသောဝေါဟာရနှင့်ထပ်တူညီသော ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသက ဆိုသော
ဝေါဟာရပင်ဖြစ်သည်။ဥပါသက၏အဓိပ္ပါယ်မှာ ရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကို
ဆိုသည်။ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံးဥပါသကများဖြစ်ကြတဲ့ တဖုဿနှင့်ဘလ္လိက
ကုန်သည်ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမည်ဟုထင်ပါသည်။၎င်းတို့ညီနောင်နှစ်ဦးသည်
ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏ဟု လျှောက်ထားပြီး ရတနာနှစ်ပါးအပေါ် သရဏဂုံဆောက်တည်ခဲ့ကြ
ရသည်။နောက်ပိုင်းဘုရားရှင်၏ တပည့်တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား
ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟုစိတ်တွင်
သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုပါသည်။

ဓမ္မဒါန။ ။သန့်ဝေယံ(မောင်ဒါန)