Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

ကဋ္ဌဝါဟနဇာတ်

Thursday, September 16, 2010

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌သီတင်းသုံးစဉ် ဝါသဘခတ္တိယာ မိဖုရားကို အကြောင်းပြု၍ ဟောတော်မူ၏။
(အကျယ်ကိုပြလို၍ ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်မှ ဖြည့်စွက်၍ ပြပါသည်။)
ဝါသဘခတ္တိယာသည် မဟာနာမ် သာကီဝင်မင်း၏ သမီး ဖြစ်၏။
နာဂမုဏ္ဍအမည်ရှိသောကျွန်မမှ ဝါသဘခတ္တိယာကို မွေးဖွား၏။ သာကီဝင် မင်းသွေးပါ၍ အလွန်ချောမောလှပ၏။ ယဉ်ကျေးသိမ်မွေ့၏။ ဉာဏ်ပညာထက်၏။ သို့သော် သာကီဝင်တို့သည် ဝါသဘခတ္တိယာကို သာကီသွေး ဟူ၍ အသိအမှတ် မပြုကြ၊ ဝိုင်းပယ်ကြ၏။
ဘုရားနှင့် ရင်းနှီးလိုသူ
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ သီတင်းသုံးစဉ်အခါက ရဟန်းတော်များသည် ရလာသော ဆွမ်းဘောဇဉ်များကို ဝိသာခါ ကျောင်းအမကြီးနှင့် အနာထပိဏ် သူဌေးကြီးတို့၏ အိမ်များ၌ သီတင်းသုံး၍ ဆွမ်းစားခြင်းအမှု ပြု၏။
ဝိသာခါ၊ အနာထပိဏ်တို့ အတွက် အငြိုအငြင် မရှိရအောင် သာသနာ၌ ကြည်ညိုကြသော တပည့်တပန်းတို့ကို ရဟန်းတော်များအား စောင့်ရှောက်ပြုစုစေ၏။
ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့်လည်းကောင်း၊ ရဟန်းတော်တို့နှင့် လည်းကောင်း ဝိသာခါ၊ အနာထပိဏ်တို့ကဲ့သို့ တရင်းတနှီး အကျွမ်းတဝင်ဖြစ်လို၏။ နေ့စဉ် ရဟန်း ငါးရာပင့်၍ မဏ္ဍပ်ကြီးထိုးပြီး ဆွမ်းလောင်းလှူ၏။
ကောသလမင်း၏ ဝန်ထမ်းများသည် ရဟန်းတော်များ အပေါ် စေတနာမပါ။ မင်းကြီး အမိန့်အရသာ ပြုစုနေရသူများ ဖြစ်၍ ဝတ်ကြေ ဝတ်ကုန်သာ ပြုစု၏။ ရဟန်းတော်များနှင့် တရင်းတနှီး မရှိကြ။ သို့ဖြစ်၍ ရဟန်းတော်များသည် ဆွမ်းတို့ကို ခံယူပြီး ဝိသာခါ အနာထပိဏ်နှင့် အခြား ကျွမ်းဝင်သူများအိမ်သို့ သွားရောက် ဆွမ်းဘုဉ်းပေးကြ၏။
အကျွမ်းဝင်မှု၏တန်ဖိုး
ကောသလမင်းကြီးသည် မိမိဆွမ်းစားဇရပ်၌ ရဟန်းတော်တို့ မကြွသည်ကို သိသော် နံနက်စာစားပြီး မြတ်စွာဘုရားထံတော်သို့သွားပြီး....
"အရှင်ဘုရား အစားအသောက် ဘောဇဉ်တို့တွင် အဘယ် ဘောဇဉ်သည် အရသာရှိပါသနည်း" ဟု မေးလျှောက်၏။
"မင်းကြီး...အကျွမ်းဝင်သော သူတို့ထံမှ ဘောဇဉ်သည် အလွန် အရသာ ရှိပါ၏။ အနည်းငယ်သော ပအုံးရည်မျှသည် လည်း အကျွမ်းဝင်သော သူတို့သည် လှူအပ်သည်ရှိသော် အလွန် ချိုမြိန် ကောင်းမြတ်သည်" ဟု မိန့်တော်မူ၏။
"အရှင်ဘုရား၊ ရဟန်းတို့သည် အဘယ်သူနှင့် အကျွမ်းဝင်ပါသနည်း" ဟု မေးလျှောက်၏။
"မင်းကြီး...ရဟန်းတို့သည် အဆွေအမျိုးတို့နှင့်လည်းကောင်း၊ သာကီဝင်မင်းမျိုးတို့နှင့်လည်းကောင်း အတူတကွ အကျွမ်းဝင်၏" ဟုမိန့်ကြားတော်မူ၏။
အဖေ့သွေး
ထိုနောက် ကောသလမင်းကြီးသည် သာကီဝင် မင်းသမီးတစ်ပါးကို ဆောင်ယူပြီး မိဘုရားကြီးအရာ၌ ထားရလျှင် ဘုရားနှင့် ဆွေမျိုးတော်ပြီး ရဟန်းတော်တို့နှင့်ပါ ရင်းနှီးအကျွမ်းဝင်အံ့ဟု ကြံ၍ သာကီဝင် မင်းသမီးတစ်ပါး ပေးဆက်ရန် ကပ္ပိလဝတ်ပြည်သို့ တမန်စေလွှတ်၏။
ကပ္ပိလဝတ်ပြည်၊ မဟာနာမ်မင်းကြီးသည် မပေးပြန်လျှင် စစ်မက်အရေး၊ ပေးပြန်လျှင် မျိုးနွယ်ပျက်မည့် အရေးတို့ကြောင့် သာကီဝင်တို့နှင့် တိုင်ပင်ကြပြီ။ မဟာနာမ်မင်းနှင့် နာဂမုဏ္ဍာ ကျွန်မတို့မှ မွေးဖွားသော အသက် တစ်ဆယ့်ခြောက်နှစ်ရှိ လှပသော ဝါသဘခတ္တိယာ မင်းသမီးကိုပေးကြ၏။
ဝါသဘခတ္တိယာသည် အဖေ့သွေးက သာကီဝင်မင်းမျိုးပင် ဖြစ်သည်မဟုတ်လော။
ကျွန်စော်နံသည်
ကောသလမင်းကြီးသည် ဝါသဘခတ္တိယာ မင်းသမီးကို အလွန်မြတ်နိုးလှ၍ မိဖုရားအရာ၌ ထား၏။
သားတော်တစ်ပါး ထွန်းကား၏။ ဘိုးတော် မဟာနာမ်မင်းကြီးထံ အမည် တောင်းစေပြီး ဝိဋဋူဘ တစ်ဆယ့်ခြောက်နှစ်အရွယ် ရောက်လေလျှင် ဘိုးတော် မဟာနာမ်မင်းနှင့် ဆွေမျိုး အကြီးအကဲတို့ကို ကန်တော့ရန် ကပ္ပိလဝတ်သို့ တခမ်းတနားလာ၏။
သာကီဝင်တို့က ကျွန်မျိုးဟု နှာခေါင်းရှုံ့ကြ၏။ မလွဲမကင်းသာ ဆက်ဆံကြ၏။
ဝိဋဋူဘ အပြန်တွင် သာကီဝင်တို့က ဝိဋဋူဘ ထိုင်သော ကြမ်းပျဉ်ကို "ကျွန်စော်နံသည်" ဟု နို့ရည်ဖြင့် ဆေးချကြ၏။ ထိုအကြောင်းကို ဝိဋဋူဘ၏ လက်စွဲတပည့် တစ်ယောက်မှ တစ်ဆင့်ကြားသိသဖြင့် ဝိဋဋူဘမှာ ဒေါသဖြစ်ရ၏။ တစ်နေ့သိစေမည်ဟု စိတ်ထဲက ကြုံးဝါးထား၏။
ကျွန်ဘဝရောက်ရရှာသော သားအမိ
သာဝတ္တိပြည်သို့ ပြန်ရောက်သောအခါ အခြေအနေ အလွန်ဆိုးသွားတော့၏။
ကပ္ပိလဝတ်ပြည် သာကီဝင်တို့က မတူမရှု ဆက်ဆံမှုမပြင်၊ ဝါသဘခတ္တိယာသည် ကျွန်မမွေးသောသမီးကို သာကီဝင်အစစ်ဟု လိမ်လည် လှည့်ဖြား ပေးဆက်လိုက်ကြောင်းတို့က နန်းတွင်းတစ်ခုလုံး အုတ်အော်သောင်းသောင်း ဖြစ်ခဲ့၏။
ဝါသဘခတ္တိယာနှင့် ဝိဋဋူဘတို့မှာ မျက်နှာ မဖော်ရဲအောင်ပင် ရှက်နေခဲ့ကြရ၏။
ထိုအကြောင်းကို ကောသလမင်းကြီးနား ပေါက်ကြားသောအခါ၊ ကောသလမင်းကြီးသည် ရှက်ဒေါသဖြစ်လွန်း၍ ဝါသဘခတ္တိယာနှင့် ဝိဋဋူဘတို့ကို မိဖုရားအရာမှနုတ်၍ ကျွန်အဆင့်အတန်းသို့ နှိမ့်ချထားလိုက်တော့၏။
ဆင်ခြင်တုံတရားထားနိုင်သော ဝါသဘခတ္တိယာ မိဖုရားကြီး အနေဖြင့်လောကဓံကို ခံနိုင်ရည်စွမ်းရှိသည့် တိုင်အောင် မင်းပျိုမင်းလွင်ဖြစ်သော ဝိဋဋူဘ အနေဖြင့်ကား ပေါက်ကွဲလာသည့် ရှက်ဒေါသကြောင့် တစ်နေ့တွင် သာဝတ္ထိနန်းကို မရရအောင်ယူမည်။ မိမိမင်းအဖြစ်ရလျှင် မိမိအား မတူတရှုပြုခဲ့သော သာကီဝင်တို့ တစ်မျိုးလုံး၏လည်းချောင်းသွေးဖြင့် ကြမ်းပျဉ်ကို ဆေးကြောမည်ဟု တိတိကျကျ ဆုံးဖြတ်လိုက်လေသည်။
မြတ်စွာဘုရားအဆုံးအဖြတ်
နှစ်ရက်သုံးရက်ကြာလျှင် မြတ်စွာဘုရားသည် ကောသလမင်း နန်းတော်သို့ကြွ၏။
ကောသလမင်းက မြတ်စွာဘုရားကိုရှိခိုး၍.......
"အရှင်ဘုရား- အရှင်ဘုရား၏ ဆွေတော်မျိုးတော်တို့သည် ကျွန်မမှမွေးသော သမီးကို တပည့်တော်အားပေး၏။ သို့အတွက် ဝါသဘခတ္တိယာနှင့် ဝိဋဋူဘတို့ကို ကျွန်အဖြစ် ချထားလိုက်ပါသည်" ဟု လျှောက်၏။
မြတ်စွာဘုရားသည်...
"မင်းကြီး၊ သာကီဝင်မင်းတို့သည် မပြုသင့်သည်ကိုပြုပေသည်။ ပေးလျှင် တူသောအမျိုးကိုသာ ပေးသင့်ပေသည်" ဟု မိန့်တော်မူပြီးဆက်၍....
"မင်းကြီး၊ ဝါသဘခတ္တိယာ၏ ဖခင်သည် မည်သူနည်း"
"အရှင်ဘုရား-မဟာနာမ် သာကီဝင်မင်း ဖြစ်ပါသည် ဘုရား"
"ဝါသဘခတ္တိယာသည် မင်း၏သမီးပင်တည်း၊ မင်း၏သမီးကို မင်းထံသို့ဆက်၏။ အဖအမျိုးသည် အဓိက မဟုတ်လော"
"မှန်ပါသည် ဘုရား"
"မြတ်သောမင်းကြီး- ကျွန်မ၏သမီးပင် ဖြစ်သော်လည်း မင်းကြီး၏ နန်းတော်တွင် အဘိသိက် သွန်းခံရပေသည်။
သားတော် ဝိဋဋူဘသည် ရေမြေကို အစိုးရသောမင်းကို စွဲ၍ဖြစ်၏။ ထိုသားသည် အဘယ်ကြောင့် အဖ ဥစ္စာဖြစ်သော တိုင်းနိုင်ငံ၏ အရှင် မဖြစ်ရာသနည်း။ အမေ့မျိုးသည် အကြောင်းမဟုတ်၊ အဖမျိုးသာ အဓိက ဖြစ်သည်မဟုတ်လော။
အဖမျိုးသာ အဓိကဖြစ်သောကြောင်းလည်း ရှေးပညာရှိတို့သည် တစ်ခဏမျှ နေသော မယားဖြစ်သည့် ထင်းခွေမိန်းမကိုပင် မိဖုရားအရာ ပေးဖူးကုန်ပြီ။
ထိုထင်းခွေမိန်းမ၏ ဝမ်း၌လွယ်မွေးရသော သားကိုလည်း တစ်ဆယ့်နှစ်ယူဇနာ ရှိသော ဗာရာဏသီပြည်ကြီး၌ မင်းအဖြစ် ပေးအပ်၍ ကဋ္ဌဝါဟနမင်းဟူ၍ ထင်ရှားဖူးကြောင်း သာဓကဖြင့် အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
အတိတ်ဇာတ်
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း စိုးစံစဉ်...
ဗြဟ္မဒတ်မင်းသည် အခြွေအရံများနှင့် ဥယျာဉ်တော်သို့ လှည့်လည်ရာတွင် အသီးအပွင့်တို့ကို သဘောကျလှသဖြင့် တစ်ကိုယ်တော်တည်း လှည့်လည်ကြည့်ရင်း ဥယျာဉ်တောအုပ် အတွင်းမှ သီချင်းဆိုသံ တစ်သံကိုကြား၍ သာယာ လှသဖြင့် သီချင်းသံကြားရာသို့ လိုက်၍ချောင်းကြည့်၏။ ဆင်းရဲသူမလေး တစ်ယောက်သည် ထင်းခွေရင်း သီချင်း ဆိုနေသည်။ လှပသိမ်မွေ့သော ဣနြေ္ဒရှင်မိန်းကလေး၌ တပ်မက်သဖြင့် ထိုမိန်းကလေးအား သံဝါသမှုကိုပြု၏။ ထိုခဏနှင့်ပင် ဘုရားလောင်းသည် ထင်းခွေမိန်းမ၏ ဝမ်း၌ ပဋိသန္ဓေနေ၏။ ဘုရားလောင်း၏ အစွမ်းဖြင့် ထင်းခွေမိန်းမသည် ကိုယ်ဝန် တည်သည်၏ အဖြစ်ကိုသိ၍
မင်းကြီးအား လျှောက်ထား၏။
သက်သေခံပစ္စည်း
ဗြဟ္မဒတ်သည် မိမိလက်စွပ်ကိုချွတ်၍...
"သမီးမိန်းကလေးမွေးလျှင် လက်စွပ်ကိုရောင်း၍ ရင်းနှီးစားလော့၊ သားယောက်ျားကလေး မွေးလျှင် လက်စွပ်ကိုယူ၍ ငါ့ထံ လာခဲ့ကြလော့" ဟု ဆို၍ သွားလေ၏။ ထိုနောက် ဘုရားလောင်းကို ဖွားမြင်၏။
ထင်းခွေမိန်းမသည် သားကိုပိုက်၍ နန်းတော်သို့ ဝင်၏။ "အရှင်မင်းမြတ်၏ သားပါတည်း" ဟု ကလေးငယ်ကို ဆက်သ၏။
ဘုရင်သည် ပရိတ်သတ် ဗိုလ်ပုံအလယ်ဖြစ်၍ ရှက်သဖြင့်..."ငါ့သားမဟုတ်" ဟု ဆို၏။
ထင်းခွေမိန်းမက မင်းကြီးပေးသော လက်စွပ်ကိုပြ၏။ "ငါ့လက်စွပ်မဟုတ်" ဇွတ်ငြင်းလိုက်ပြန်၏။
သစ္စာအဓိဋ္ဌာန်
ထိုအခါ ထင်းခွေမိန်းမသည် ငိုယို၍.....
"အရှင်မင်းကြီး- ဤသို့ငြင်းလျှင် အကျွန်ုပ်မှာ သစ္စာပြုခြင်းမှတစ်ပါး အခြားသက်သေ မရှိတော့ပါ၊ ဤသူငယ်သည် အရှင်မင်းကြီး၏သား မှန်ခဲ့လျှင် ကောင်းကင်၌ တည်ပါစေသား၊ အကယ်၍ မမှန်ခဲ့လျှင် မြေသို့ကျ၍ သေပါစေသား" ဟု ဘုရားလောင်းကို ခြေနှစ်ချောင်းမှကိုင်၍ ကောင်းကင်သို့ ပစ်၏။
ဘုရားလောင်းသည် လေထဲ၌ ဖွဲ့ခွေလျက် သာယာသော အသံဖြင့် ခမည်းတော်မင်းကြီးအား တရားဟော၏။
"မင်းကြီး-အကျွန်ုပ်သည် အရှင်မင်းကြီး၏ သားအစစ်တည်း။ အကျွန်ုပ်ကို မွေးမြူတော်မူပါ။ အခြားသူများကိုပင် မွေးမြူနိုင်သေးလျှင် မိမိရဲ့ သားကို အဘယ်ကြောင့် မမွေးပါသနည်း။"
ထိုအခါမှ မင်းကြီးသည် "ငါ့သား လာလော့.." ဟုလက်ဆန့်တန်းလျှင် ကောင်းကင်မှ မင်းကြီး၏ ရင်ခွင်၌တည်၏။ မင်းကြီးသည် ထင်းခွေမိန်းမအား မိဖုရားကြီးအရာထား၏။ ဘုရားလောင်းအား အိမ်ရှေ့မင်းအဖြစ်ထား၏။ အဖလွန် လျှင် ကဋ္ဌဝါဟန မည်သောမင်းဖြစ်၏။
ဘုရားစကားကို နာကြားရ၍
ကောသလမင်းကြီးသည် မြတ်စွာဘုရား တရားစကားကို နာရ၍ (အဖမျိုးသာလျှင် အဓိကဖြစ်သည်) ဟု သားအမိ နှစ်ယောက်တို့အား ပေးမြဲသော အဆောင်အယောင် စည်းစိမ် အခြံအရံကို ပေးတော်မူ၏။
သာဝတ္ထိနန်းတွင်းသူ နန်းတွင်းသားတို့သည်လည်း မြတ်စွာဘုရား၏ (အဖမျိုးသာ ပဓာန) ဟူသော တရားစကားကြားနာ၍ သားအမိတို့အပေါ် သံသယကင်းစွာ ဖော်ရွေ ဆက်ဆံသတည်း။
ဇာတ်ပေါင်းသော်
အမိသည် မယ်တော်မာယာ
အဖသည် သုဒ္ဓေါဒန
ကဋ္ဌဝါဟနသည် ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။