Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

ဗုဒ္ဓဘာသာ(၅)မျိုး

Wednesday, September 8, 2010

ယနေ့ခေတ်လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှုတွေကို ဦးစားပေးတဲ့ ခေတ်ကာလကြီးဖြစ်မှန်းမသိ ဖြစ်လာကြပါပြီ၊ လူငယ်တွေမှာ ဘာသာတရားအသိ တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ တချို့ဆို ကိုယ့်ကိုကိုယ် ဘယ်ဘာသာဝင်လည်း အသေအချာပြောရမှာ ခက်နေကြလောက်အောင်ကို ဘာသာဆိုတာ မေ့ပျောက်နေကြပါပြီ။
ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်၊ ရဟန်းသံဃာရှေ့ကို ရောက်လျှင်တောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ထိခြင်းငါးပါးရော သိကြပါသေးရဲ့လားလို့ ထပ်တောင်
မမေးရဲတော့ပါဘူး။ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ဆိုတဲ့ ထိခြင်းငါးဖြာပါ။ ဒီလို အခြေအနေတွေကို သိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲဒီဗုဒ္ဓဘာသာ(၅)မျိုးကတော့ ……….
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ မိဘ ဘိုးဘွားတွေက ဗုဒ္ဓဘာသာမို့သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ ဘုရားဘာတရားဟောမှန်းလည်းမသိ။ ကိုးကွယ်နေ တဲ့ မြတ်စွာဘုရားကို ဘာကြောင့် ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့် ကိုးကွယ်ရမှန်း မသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြု နေမှန်းကို မသိတာ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ ကုလ ဗုဒ္ဓဘာသာပါ။ (အနှစ်မရှိဆုံး ဗုဒ္ဓဘာသာလို့ ပြောလို့ရပါတယ်)


(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာကတော့ လာဘ်လာဘကို လိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာတဲ့နေရာမှာ ရွေးပြီးကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ် ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။


ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ (စဉ်းစားဖို့လိုပါတယ်) အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ ညဏ်၊ ဝိရိယကို ကောင်းကောင်းဘက်ညီညီ အသုံးချနိုင်လို့ပါ။ အိမ်ခြံဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ၊ ၃၇ မင်းတဲ့ (ဘယ်သူထုတ်လိုက်တဲ့ နတ်စာရင်းလဲ? ဘုရားဟောမှာတောင် မပါတာ မထူးဆန်း နေဘူးလား?) ကိုးကွယ်တာတွေ။ ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့

ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာခေါ်ပါတယ်။


(၃)ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ (အပ္ပါယ်ပိတ်ဘုရားဆိုမှ ဖူးချင်ကြတဲ့သူတွေ သတိပြုကြ ဖို့ပါ။ ဒီဘုရားကိုကိုးကွယ်မှ အပ္ပါယ်ပိတ်ရမယ်ဆိုရင် မြတ်စွာဘုရားကိုယ်တော်တိုင် ရှိစဉ်တုန်းက ကိုယ်တော်တိုင်ကို ကိုးကွယ်ယုံကြည်မှု သဒ္ဒါအကြီးဆုံး ဥပဒကာကြီးဖြစ်တဲ့ အဇာတသတ် မင်းကြီး အခုငရဲကို ဘာကြောင့်ရောက်နေရလဲ စဉ်းစားပါ) ဒီဘုရား၊ ဒီစေတီကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန် အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ ( ၃ ) မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပ

သပါတယ်။ လက်ညှိုးထိုးခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ ဘာသာရေးအသိဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်း ပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကို ချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာ လည်း။ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ပါ။


(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါနဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုး ရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျသတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော် အပြည့်နဲ့ သစ္စာလေးချက်အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်ကြီး သိတော်မူသွားကြတဲ့ အရိယာ သူတော်စင်ကြီး တွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို၊ နာ၊ သေ လွတ်ရာပါ။

မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့် ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူ ခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမယ်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်

မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်၊ ဝိနည်း အဘိဓမ္မာ တရားတွေကို သံဃာတော်တွေက အသက်နှင့်လဲ၍ စောင့်ရှောက်ခဲ့၍ပါ။ သံဃာတော်ကို ယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ ယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ် ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ၊ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာ ကလည်း အနှစ်မရှိတဲ့ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့

ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကိုပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရ မရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရရှိတာကို ရှိတယ်လို့ သိပါတယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကိုရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။


(၅)ပညာဓိက ဗုဒ္ဓဘာသာ

သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာ ဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာကိုသိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှု တွေကိုသိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ အဲဒါမှ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့ သဒ္ဒါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဒါတရား မှန်မှန်ကန်ကန်နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ ကျွန်ုပ်တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထာတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင်ဘာနဲ့

ဖြတ်ရ မလဲဆိုတော့ ဥာဏ်နဲ့ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်၊ ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓ ဘာသာ ဖြစ်ပါ တယ်။ သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာဟန်ချက်ညီဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနည်းနေပြန်ရင်လည်း သူတော်ကောင်း လူအကြီး ဖြစ်သွားပါတယ်၊ ဆင်ခြင်တုံ တရားနဲပါးသူတွေက အကျိုးမရှိတဲ့ နေရာတွေမှာ ကိုယ့်အချိန်တွေကို အချည်းနှီး အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲ နေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။ မစ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်နဲ့ပဲသွားဖို့ (ကျင့်ကြံကြဖို့) တိုက်တွန်းလိုက်ရပါကြောင်း ……..