Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

ဓမ္မဒါန

Monday, November 15, 2010

ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င်အကျဉ်းချုပ်

၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။

၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာတွင် နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။

၃။ သုမေဓာရှင်ရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင်သော ဘ၀များစွာတို့တွင် -

(၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊ (၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကိုလှူခြင်း ဒါနဥပပါရမီ၊ (၃) ကိုယ့်အသက်ကိုလှူခြင်း ဒါနပရမတ္တပါရမီ၊အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၎။ ထို့ပြင် အလွန် စွန့်နိုင်ခဲစွာသော -

(၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာရတနာကို စွန့်ခြင်းဓနပရိစ္စာဂ၊ (၂) သားသမီးကို စွန့်ခြင်းပုတ္တပရိစ္စာဂ၊
(၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊ (၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊ (၅) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ၊ ဟုဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘ၀များစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်တွင် သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြာဝဠာတိုက်တစ်သောင်းမှ နတ် ဗြဟ္မာ အပေါင်းတို့က ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။

၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -

(၁) ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ (၂) ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ် (၃) ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ (၄) ကုလ = ဘုရားဖြစ်ရာအမျိုးအနွယ် (၅) မာတုအာယုပရစ္တေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။

၇။ ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့တွင် ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေ၀ီမိဖုရားကြီး မယ်တော်မာယာဝမ်းတွင်ပဋိသန္ဓေတည်နေလေသည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတောတွင် မယ်တော်မာယာဝမ်းမှ မီရှူးသန့်စင် ဖွားမြင်တော်မူလေသည်။

၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။

၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်တော်မူသဖြင့်တောထွက်၍ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက်ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဋ္ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလ ညောင်ပင်ရင်းတွင် အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။

၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား (မြက်ရိတ်လုလင်) သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်းတွင် အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌာန်ဖြင့် မတည်ကြကုန်)။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်တွင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်) ရန်ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယံတွင် ရှေးက နေခဲ့ (ဖြစ်ခဲ့) ဖူးသော ခန္ဓာစဉ်ကို အောက်မေ့သိတတ်သော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ကို ရတော်မူလေသည်။ သန်းခေါင်ယံတွင် နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဥာဏ် ကို ရတော်မူလေသည်။မိုးသောက်ယံတွင် အာသဝေါတရားလေးပါးတို့၏ကုန်ခြင်းကို ပြုတတ်သော အာသ၀က္ခယဥာဏ် ကို ရတော်မူ၍ အသက်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သုံးလူ့သခင် သဗ္ဗညုဘုရားရှင်သည် ၄၅-၀ါ ကာလပတ်လုံး ဝေနေယျသတ္တ၀ါတို့အား ဓမ္မစကြာစသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။

၁၇။ ၄၅-၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုဘုရားရှင်သည် သက်တော်(၈၀) အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်တွင် ပရိနိဗ္ဗာန် ၀င်စံတော်မူလေသည်။

ဓမ္မဒါန။ ။သန့်ဝေယံ(ခ)ထူးဝေယံဖြိုး