Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

သန္တုဋ္ဌိသုတ် (ရောင့်ရဲလွယ်ခြင်း)..။

Sunday, January 16, 2011

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထိုပစ္စည်းတို့ သည် အပြစ်လည်း မရှိကုန်။ အဘယ် လေးမျိုးတို့နည်းဟူမူ---

၁) ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။
(မြတ်စွာဘုရား ပံ့သကူသင်္ကန်း ၀တ်ရုံလိုသူ ရှားပါးနေပါပြီ။ စီဝိုင်စီရယ် ဗိုလ်မရယ် သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား။ တစ်ချို့က သင်္ကန်းအသစ်ကလေးရပါလျှင် ပွတ်ကြည့်ကြသေးသည်…။)

၂) ရဟန်းတို့ စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။
(မြတ်စွာဘုရား ဆွမ်းခံဖို့ရာ သပိတ်ဆိုတာ သိမ်မှထွက်ပြီးနောက် ဘယ်ထားမိမှန်း မမှတ်မိကြတော့တာ များလှပါသည်ဘုရား။ မအပ်စပ်သော သပိတ်အရောင်တွေတောင် မသိကြတော့ပါဘုရား။ ဘုန်းတော်ကြီး တစ်ချို့ ခရီးသွားလာလျှင် အထုပ်တွေတော့ အများကြီးပါ။ သပိတ်တော့ဖြင့် ပါမလာကြပါ…။)

၃) ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။
(မြတ်စွာဘုရား မြန်မာပြည်မှ ဆရာတော်ကြီးများ သစ်ပင်အောက်တွင် ရုက္ခမူဓုတင် ဆောက်တည်ကာ နေကြသည်မှာ ကြည်ညိုဖွယ် ကောင်းလှပါသည်။ တပည့်တော်တို့ နေရာဒေသကတော့ အလွန်ချမ်းအေး သည့်အတွက် နေထိုင်၍ မရပါဘုရား…။)

၎) ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။
(မြတ်စွာဘုရား၏ စကားတော်ကို ယုံကြည်ပါသည် လိုက်နာလိုပါသည်။ သို့သော် တပည့်တော်ကိုယ်တိုင် ရောဂါ ဝေဒနာဆိုးကြီး ရှိပေမဲ့ မသောက်နိုင်သေးပါ။ တကယ်သောက်သုံးနေသော ဆရာတော်များကို ကြည်ညိုပါ သည်။ ကန်တော့လိုက်ပါသည်…။)

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့ သည် အပြစ်လည်း မရှိကုန်။ ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု မိန့်တော်မူ၏။

တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကို လည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်း ခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအား လျော်သော အကြင် တရားတို့ကို ထို မြတ်စွာ ဘုရားသည် ဟောတော်မူ၏။ ....။ မမေ့လျော့ကြလေနှင့်....။