Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

Buddha FM ရဲ့ ၂ ပြည့်အထူးအစီစဉ်ကို ကျင်းပမည်

Monday, December 5, 2011


ဒီနှစ်မှာတော့ Buddha FM ရဲ့ ၂ နှစ်ပြည့်အထူးအစီစဉ်အနေနဲ့ စင်္ကာနိုင်ငံ တိုးပါးရိုးကျောင်းတိုက်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပပါမည်။ သံဃာတော်များကို အာရုံဆွမ်းကပ်လှူပြီး လာသမျှ ဧည့်ပရိသတ်များကိုလည်း အကျွေးအမွေများဖြင့် ဧည့်ခံသွားပါမည်။ Buddha FM ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားများ တရားတော်များ အလွယ်နာယူနိုင်အောင် ထုတ်လွှင့်လာခဲ့တာဟာ ယခုလာမည် ဒီဇင်ဘာ ၁၉ ရက်နေ့ဆိုယင် ၂ နှစ်တိတိပြည့်ပါတော့မည်။ ၂ နှစ်ဆိုတဲ့အတောအတွင်းမှာ Buddha FM ရဲ့ ခရီးလမ်းဟာ အဆင်ပြေချောမွေ့ခဲ့တာတွေချည်းပဲတော့ မရှိခဲ့ပါဘူး။ ထုတ်လွှင့်သူ ၀ိုင်းတော်သူ၊ ၀ိုင်းတော်သားများဟာ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နှင့် ကုသိုလ်ရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်လာခဲ့ကြပါတယ်။ ယခုဆိုလျှင် တစ်ကမ္ဘာလုံးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေချည်းသာ နားဆင်နာယူနေကြတာ မဟုတ်တော့ပဲ၊ ပြည်တွင်းကနေပါ နာယူ နားဆင်လျှက် ရှိနေပါပြီ။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ တဲ့ အလှူတကာအလှူထဲမှာ တရားအလှူဟာ အမြတ်ဆုံးပါ။ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ မအားတဲ့ ကြားကနေ ထုတ်လွှင့်ပေးနေကြတဲ့ ၀ိုင်းတော်သူ ၀ိုင်းတော်သားတွေ နှင့် တရားနားယူသူတွေကို ပြောချင်တာက ဓမ္မော ဟဝေ ရက္ခတိ ဓမ္မ စာရီ "သူတော်ကောင်းတရားကို ပွားများအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ထိုသူတော်ကောင်း တရားက ပြန်ပြီး အမြဲစောင့်ရှောက် စောင့်ရှောက်ပါတယ်" လို့ အားပေးစကားပြောလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်
အရှင်မေတ္တာစာရ