Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

မပြီးပြတ်နိုင်သေးသော ကလေးကလား မြန်မာတိုင်းစ်ဆောင်းပါး

Thursday, December 6, 2012

 လင့် http://www.mmtimes.com/index.php/opinion/3489-anti-muslim-monks-sri-lanka-redux.html


မြန်မာတိုင်းစ်ဟာ သူတို့ကိုယ်သူတို့ ဘာများထင်နေကြတယ် မသိပါဘူး။ကျုပ်နာမည်၊ အသက်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် တွေ ဖျက်ပေးလိုက်လို့ ကျေနပ်သွားမယ်လို့များ ထင်နေသလားမသိဘူး။ ဒါက လူကိုယ်တိုင် အင်ဗျူးလုပ်ထားတာ မဟုတ်ပါဘူး၊ ဖေ့ဘွတ်စ်ပေါ်မှာ ပြောထားကြတဲ့ ပါဆင်နယ် ချတ်စကားတွေ ဖြစ်တယ်လို့ အယ်ဒီတာက ပြောပြီး ဘာဖြစ်လို့ ဒီဆောင်းပါးက ဆက်ရှိနေသေးတာလဲ။  ဒီဆောင်းပါးက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဖော်ပြခဲ့တယ်။  လူတွေတောင်းဆိုလို့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေဖြုတ်လိုက်ပေမယ့် ပထမ စာပိုဒ် ကိုသာပြောင်းလဲထားပြီး သီရိလင်္ကာမှာ နေထိုင်နေကြတဲ့  မြန်မာဘုန်းကြီးတွေ နဲ့ သီရိလင်္ကာ ဘုန်းကြီးတွေကို စွပ်စွဲထားတာတွေ ပြည့်နှက်နေပြီး မဖြုတ်ပဲ ဆက်လက်ဒီတိုင်းထားတာ၊ ပြီးတော့ အလ်ဒီတာ သောမတ်စ်က ဒီဘက်ကို suggestion တောင်ပေးလိုက် ပါသေးတယ်။ သူ့ပေးတဲ့ suggestion ကိုလည်း လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်သားကိုသာ ကွယ်ပေးထားပြီး ဒီဘက်ကို အပြစ်တင်ချင်နေတယ်ဆိုတာ သိသာ ထင်ရှားနေလို့ပါ။ နောက်ပြီးတော့ သူ့ဆောင်းပါးရှင် Mr. Alex Bookbinder ဟာ Anti-Buddhist မဟုတ်ပါဘူးတဲ့။ ဒါပေမယ့် သူဆောင်းပါးရှင်းက သူနဲ့ သဘောထားခြင်း၊ အမြင်းခြင်းမတူညီတဲ့ သူကို တော့ Anti-Muslim Monks လို့ တံဆိပ်တတ်ပါတယ်၊ ဒီဘက်ကလည်း ပြန်ပြီးတော့ ဦးဇင်းနဲ့သဘောထားခြင်း၊ အမြင်ခြင်း မတူညီတဲ့ ၊ ဦးဇင်းနဲ့ သီရိလင်္ကာမှာ စာသင်ကြားနေကြတဲ့ မြန်မာသံဃာတွေ အပါဝင် သီရိလင်္ကာ ဘုန်းကြီးတွေကို စွပ်စွဲထားတဲ့အတွက် သူဟာလည်း Anti-Buddhist Journalist ပြောရမှာဖြစ်ပါတယ်။  မတောင်းပန်တဲ့ အပြင် ဒီဘက်ကိုတောင် အပြစ်ဖို့ချင်နေသေးတယ်ဆိုယင်တော့ ခင်ဗျားတို့ကို လုံးဝ ခွင့်စရာ အကြောင်းမရှိဘူး။  ဆောင်းပါးရှင် တစ်စိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ လူ့အဖွဲ့အစည်းတွေက အဲ့ဒီလူတွေကတော့ ဒီဆောင်းပါးကို ဖတ်ပြီး ကျေနပ်နေကြကောင်း ကျေနပ်နေကြပေမယ့် ဒီကိစ္စ ဒီမှာတင်ပြီးသွားမယ် မထင်လိုက်ပါနဲ့။  Privacy ခြိုးဖောက်မှု၊ တစ်ဘက်သတ် ဗုဒ္ဓဘာသာကို ကိုယ့်အမြင် ကိုယ့်အထင်နဲ့ စွပ်စွဲမှု တွေပြည့်နေတဲ့ ဒီဆောင်းပါးကို မဖြုတ်သေးဘူးဆိုယင်တော့ ပြဿနာသေးသေးဟာ ပြဿနာကြီးကြီး ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။ လုပ်ရဲယင် ခံရဲရမယ်ဆိုတာကိုလည်း မြန်မာတိုင်းစ်အနေနဲ့ သိထားစေချင်ပါတယ်။

မှတ်ချက်။ ။ သတင်းရေးတာက အတင်းအဖြင်းတွေ ဖြစ်နေပါတယ်။ Opinion ဆိုတာကို ဘယ်လို ချပြရမယ်ဆိုတာ သေချာလေ့လာပြီးမှ အများပြည်သူကို ချပြပါ။

ဒါက မူရင်း ဒီဇင်ဘာလ ၃ ရက်နေ့ထုတ်


ဒါကတော့ ဒီဇင်ဘာလ ၅ ရက်နေ့က ပြောင်းသွားတဲ့စာသား