Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

ပြည်သူတွေ ဒုက္ခရောက်နေတဲ့ချိန်မှာ ဘုန်းကြီးတွေက ကူညီတယ်၊ ဘုန်းကြီးတွေ ဒုက္ခရောက်နေတဲ့ ယခုအချိန်ခါမှာတော့ မီဒီယာတွေက ရန်တိုက်ပေးနေတယ်

Saturday, December 8, 2012

ဒီရက်ပိုင်းအတွင်းမှာ လက်ပံတောင်း ကြေးနီ သပိတ်မောက်ပွဲတဲ့ပွဲမှာ သံဃာတော်တွေ အပြင်းအထန် ဒဏ်ရာတွေ ရကြပါတယ်။ အနောက်တိုင်း ဘယ်ဘယ်လူ့အခွင့်အရေးအဖွဲ့မှ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုသံလည်း ကျယ်ကျယ်လောင်လောင် အသံတွေ မကြားရပါ။ ပြည်သူတွေ ဒုက္ခရောက်တိုင်း သံဃာတော်တွေက ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး နည်းလမ်းမျိုးစုံနဲ့ ကူညီခဲ့ကြတာချည်းပါပဲ။  ပြည့်သူ့ဘက်တော်သားတွေ တွေ ပြောယင် မှားမယ် မထင်ပါဘူး။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက အခုလိုဖြစ်ပျက်နေတဲ့အချိန်မှာ မီဒီယာ တစ်ချို့ဟာ နားလည်ပါးရိုက် လုပ်နေကြတယ်။ အထူးသဖြင့် အင်္ဂလိပ်ဗားရှင်းနဲ့ အွန်းလိုင်း သတင်းတွေဟာ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ရခိုင်အရေးအခင်းနဲ့ ပါတ်သက်ပြီး ဒီအတောအတွင်း ရှုံချနေတာကြတာက တစ်မျိုး၊ တစ်ချို့လည်း မသိမသာ ရန်တိုက်ပေးနေကြတာတစ်မျိုး တွေ့နေရပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမား နဲ့ ဘိက္ခုဗောဓိတို့ကို လူပုဂ္ဂိုလ်အရ ရင်းနီးသလို အဆက်အသွယ်လည်း မပြတ်ပါဘူး။ တစ်ချို့ဟာတွေက သူတို့ပြောထာထက် မြန်မာမီဒီယာတွေဟာ ပိုပြီး အကျယ်ချဲ့နေကြတယ်လို့ မြင်ပါတယ်။ အလိုအချိန်မှာ ရခိုင်ကိစ္စဘက်ကို ဦးတည်ပြောဆိုလာနေတာဟာ မီဒီယာတွေပေါ် စဉ်းစားစရာကိစ္စ တစ်ခု ဖြစ်လာနေတယ်လို့ ပြောချင်ပါတယ်၊ မှန်မှန်ကန်ကန် နဲ့ မျှမျှတတနဲ့ ရေးကြယင်တော့ လိုက်ခံနိုင်ပါတယ်။ ရန်တိုက်ပေးမှုမျိုးတော့ မလုပ်ကြစေချင်ပါဘူး။ အထူးသဖြင့် အခုလိုအချိန်မျိုးမှာ တစ်ဘက်ကို အသားပေးပြီး တစ်ဘက်ကို အထင်သေးအောင် ရေးနေကြမျိုး ရှောင်းရှားသင့်ပါတယ်။ တကယ့်တကယ် နစ်နာယင်လည်း ဘုန်းကြီးတွေပဲ၊ တကယ့်တကယ် ကူညီနေကြတာလည်း ဘုန်းကြီးတွေပါပဲ။ တစ်ချို့ဟာတွေကြောင့် စိတ်ပျက်သွားတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ အခုလို ပြောဆိုနေရတာကလည်း မီဒီယာတွေကို စော်ကားချင်လို့ မဟုတ်ပါဘူး။ တော်တော်များများကို အမှားတွေ ကျူးလွန်ထားတဲ့ ဆိုက်တွေ တွေ့နေရတယ်။ တိကျခိုင်လုံယင်တော့ ရေးကြပါ။ သူများအသံနဲ့ လိုက်မရေးကြပါနဲ့လို့ ပဲ တိုက်တွန်းချင်ပါတယ်။ အရှင်ဘုရားများလည်း မီဒီယာတွေကို ထိတွေ့ကြတဲ့ခါ သတိတရား လိုက်ကိုင်ထားပြီးပြောကြပါ။ ကိုယ်ပြောလိုက်တာထက်ပုံကြီးချဲ့ပြီးပြောနေတာတွေကို တွေ့ကြယင်လည်း ငြိမ်ခံမနေကြပါနဲ့။  အမှန်ကို အမှန်တိုင်း ရေးကြပြောကြဖို့ တိုက်တွန်းပါလို့ ပြောချင်ပါတယ်။