Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

မြန်မာတိုင်းစ် ဆောင်းပါးနှင့် ပါတ်သက်၍

Tuesday, December 4, 2012

၁။ မြန်မာတိုင်းက ဆောင်းပါရှင် Alex Bookbinder ကို ပထမဦးစွာ ရှင်းပြပါမယ်။ ၂၀၀၈ နှစ်မှာ သီရိလင်္ကာကျောင်းမှာ သူလာတွေ့ပါတယ်။ ကနေဒါလူမျိုးတစ်ဦးပါ။ မနှစ်တစ်နှစ်က စင်္ကာပူမှ ကျောင်းတက်ခဲ့ပြီး ဒီနှစ်ဆန်းပိုင်းမှာ ကျောင်းပြီးပါတယ်။

၂။ သူနဲ့ ဦးဇင်းနဲ့ ၂၀၀၈ တစ်ခါပဲ တွေ့ဆုံဖူးပြီး နောက်ထပ် လူကိုယ်တိုင် ထပ်မတွေ့ဖြစ်ပါ။

၃။ ရခိုင်ပဋိပက္ခတာ ၂၀၁၂ နှစ်၊ သူနဲ့ လူကိုယ်တိုင်တွေ့ ၂၀၀၈ ပါ။ ဒါကြောင့် ရေးသားထားတဲ့ အကြောင်းအရာထဲက တစ်ချို့ဟာ လုံးဝ မှားယွင်းနေတယ်။ လဘက်ရည် အတူသောက်ပြီး စကားအတူပြောကြယင်း ရိုအင်ဂျာကိစ္စကို ပြောလို့ ဦးဇင်းစိတ်ဆိုးသွားတယ်ဆိုတာ ဖြည်းဖြန်းပြီး ရေးသားထားခြင်းသာ ဖြစ်ပါတယ်။

၎။ ရခိုင်အရေးအခင်းမှာ ဖေ့ဘွတ်စ်မှာ ရခိုင်းအရေးနဲ့ ပါတ်သက်လို့ သူက ဦးဇင်းရဲ့ သဘောထားကိုမေးလို့ ကိုယ့်အမြင်ကို ကိုယ်ပြောပါတယ်။ ဒါက ပါဆင်နယ် သက်သက် စကားပြောဆိုကြခြင်း ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သတင်းသမား တစ်ယောက် မဟုတ်ခဲ့ပါ။ သူ့ဘက်က တစ်ဘက်သတ်ပြောနေလို့ သူ့ကို ဘလော့ခ်လုပ်လိုက်ပါတယ်။ ဒါကလည်း ကြာပါပြီ ဇူလိုင်လတုန်းက အဖြစ်အပျက်ပါ။

၅။ မနေ့ညနေက မြန်မာတိုင်းစ် မှာ ဒီဇင် ၃ ရက်နေ့ တနင်္လာနေ့ နေ့စွဲ နဲ့ "Anti-Muslim monks: Sri Lanka redux? " ဆိုပြီး သတင်းတက်လာပါတယ်။ ဒီဆောင်ပါးထဲမှာ နာမည်၊ အသက်၊ နေရပ်လိပ်စာ ၊ အလုပ်ကိုင် စတာတွေ ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်လို့ မြင်ပါတယ်။ ခွင့်ပြုချက် တစ်စုံတစ်ရာ တောင်းဆိုခဲ့ခြင်း မရှိပဲ ဒီဆောင်းပါးကို လက်ခံတဲ့ မြန်မာတိုင်းစ် နဲ့ ဆောင်းပါးရေးသူတို့ မီဒီယာ ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။

၆။ Facebook မှာ Chat လုပ်ခဲ့ကြတာတွေကို ကောက်ချက် ယူပြီး၊ သူကိုယ်တိုင် အင်တာဗျူး လုပ်ထားသလိုမျိုး ရေးသားထားခြင်း၊ သီရီလင်္ကာမှာ စာသင်ကြားနေကြတဲ့ မြန်မာသံဃာတော်ကို တစ်ခြားဘာသာခြားတွေ ထင်ရောင် ထင်မှား ဖြစ်ရေးသားထားခြင်း၊ သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သူလိုရာ ဆွဲထည့်ရေးသားထားခြင်းတို့ စသည်တို့ ပါဝင်ပါတယ်။

၇။ မြန်မာတိုင်းစ် ကို မနေ့ညနေက အခြေအမြှစ်မရှိ ခွင့်ပြုချက် မရပဲ ရေးထားတဲ့ဆောင်းပါးကို ချက်ခြင်းဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တစ်စုံတစ်ရာ ပြန်လည် အကြောင်းကြားခဲ့ခြင်း အခုချိန်ထိ မရှိပါ။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံနေ Anti-Muslim Monks: Sri Lanka Redux ဆိုတဲ့ ခေါင်းကို တာဝန်ရှိအလ်ဒီတာတွေ လက်ခံခြင်းဟာ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးတွေ နဲ့ သီရိလင်္ကာ ဘုန်းတော်ကြီးတွေကို စော်ကားလိုက်ခြင်း ဖြစ်နေပါတယ်။

၈။ ဒီဆောင်းပါး တင်ပြီး မကြာ ဆောင်းပါးရေသူ ဂျီတော့ပေါ်တက်လာခဲ့ပါတယ်။ ဒါကိုဖြေရှင်းပေးဖို့ ပြောပါတယ်။ Redux အဓိပ္ပာယ်ကို ရှင်းပြခိုင်းပါတယ်။ ပြီးတော့ Anti-Muslim Monks ဟာ မေးပါတယ်။ You? Wirathu? ဖြေဆိုပြီး Offline လုပ်သွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခွင့်ပြုချက်မတောင်းပဲ အွန်လိုင်းကနေ အချက်အလက်တွေ စုဆောင်းပြီး ဦးဇင်းနာမည်နဲ့ ဥပမာ ပေးထားတာဖြစ်ပါတယ်။ မြန်မာတိုင်းစ် အနေနဲ့ ဥပမာပေးစရာ ဒီလောက် ရှားပါသလား။ သံဃာ တစ်ပါးနဲ့ သံဃာအများကို ပေါင်းစပ် ရေးသားထားတဲ့ ဆောင်းပါးဟာ စွပ်စွဲမှုတွေ ပြည့်နေပါတယ်။ ဒါက အသရေ ဖျက်မှုလို့ ယူဆပါတယ်။ ကိုယ်နဲ့ အမြင်မတူတဲ့၊ သဘောထားမတူတဲ့သူတွေ စွပ်စွဲမယ်ဆိုယင် ဆောင်းပါရှင်ဟာ Anti-Buddhist Journalist ပါပဲ။