Buddha FM သီချင်းလိုင်း (အသုံးမပြုသေးပါ)

http://209.212.144.155/BDFM1

Click လုပ်ပြီး နားထောင်

Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

မေလ (၂၂)ရက်

Saturday, May 21, 2011


မြန်မာစံတော်ချိန် ၁၂း၀၀ နာရီမှ ၁၆း၀၀ နာရီ အထိ...

ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ Dphil(Oxford), Hon PhD (MCU) အောက်စဖို့ဒ့် တက္ကသိုလ် ကထိက၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီး (IABU) နှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးတို့၏ တည်ထောင်သူ/ အတွင်းရေးမှုးချုပ်၏ ဓမ္မသဘင်အား 22/05/2011၊ SMခန်းမ - မလေးရှား တွင် ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓအက်ဖ်အမ် မှ တိုက်ရိုက် ထုတ်လွှင့်ပေးနေပါကြောင်း။

Happybirthday to Buddhafm

Saturday, December 18, 2010

၁၉ရက် ၁၂လ ၂၀၁၀ မှာ ကျရောက်သော ဗုဒ္ဓအက်ဖ်အမ် ၁နှစ်ပြည့် မွေးနေ့မှ နောင်နှစ်ပေါင်းရာကျော်တိုင် သာသနာ အကျိုးသယ်ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...  ဗုဒ္ဓအက်ဖ်အမ် ရေဒီယို ကို နားဆင် အားပေးကြသော ပရိတ်သတ်များနှင့် ဗုဒ္ဓအက်ဖ်အမ် ဝိုင်းတော်သားများကိုလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျေးဇူးလည်း အထူးတင်ရှိပါကြောင်း...ပြောကြားပါရစေလို့....

``အန္တရာယ်ကင်းဂါထာတော်´´

Sunday, July 4, 2010

အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကောသော၊
ယံပရုပက္ထဓမန တထာဂတံ ဇီဝိတာ၊
ဝေါရောဓပယျေ၊ အနုပက္ထဓမန ဘိက္ခဝေ
တထာဂတာ ပရိနိဗ္ဗ္ဗ္ဗာယန္တိ။
ဧတေန သစ္စ၀ဇ္ဇေန အန္တရာယာပိ
ဝိနဿန္တု။..............................
အထက်ပါဂါထာတော်ကို ယုံယုံကြည်ကြည်
အမြဲ ရွတ်ဖတ်၊ အားထုတ်လျှင်
ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးပြီး
ဥပစ္ဆေဒကံမှ ကင်းဝေးနိုင်ပါသည်။

တရားချစ်ခင်သူတော်စင်များ ၀မ်းမြောက်ဖွယ်ရာ သတင်းလွှာ

Thursday, February 4, 2010

ဗုဒ္ဓဘာသာ ကလျာဏနွယ်ဝင် ပါရမီရှင် အပေါင်းတို့.....

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ကူချိုင်းလားမားတွင်တည်ရှိသော မဟာစည်သြ၀ါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာကြီးတွင် နှစ်စဉ်နှစ်တိုင်းကဲ့သို့ပင် စုပေါင်းဒုလ္လဘ ရဟန်းခံပွဲနှင့် စုပေါင်း မဟာသတိပဌာန် ၀ိပဿနာ တရားစခန်းပွဲတော်ကြီးကို ၁၃၇၁ ခု တပေါင်းလဆန်း (၁)ရက် စနေနေ့ (၁၃-၀၂-၂၀၁၀)မှ စတင်၍ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ဒုလ္လဘရဟန်း ၀တ်လို ကြသော မည်သူမဆို ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းပြီး တရားစခန်းပွဲ ၀င်ရောက်နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော် တိုက်တွန်းနှိုးဆော် ဖိတ်မန္တကပြုအပ်ပါသည်။ တရားစခန်းဝင်သူ ရဟန်းရှင်လူ ယောဂီအပေါင်းတို့အား ဆွမ်းဘောဇဉ်နှင့် အအေးများ ဆက်ကပ် လှူဒါန်းနိုင်ကြပါသည်။ (နေရာ အခက်အခဲရှိပါ၍ ဦးရေကန့်သတ်ထားပါသည်။)

ထိုမှတပါး ပညာလိုလားသော ပုဂ္ဂိုလ်များအတွက် မြန်မာ့အားမာန် ပညာရေး လေ့ကျင့်သင်တန်းကျောင်းမှ ၇-၀၂-၂၀၁၀ နေ့မှ စတင်ပြီး ကွန်ပြူတာဆိုင်ရာ သင်တန်းများကိုလည်း ပြန်လည်ဖွင့်လှစ်ပို့ချ ကုသိုလ်ပြုမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်...
ဆရာတော်ဖုန်း - ၀၁၄ ၆၆၄၆ ၈၄၅
ဦးဇင်းတေဇ - ၀၁၃ ၃၀၆၈ ၈၂၀