Buddha FM သီချင်းလိုင်း (အသုံးမပြုသေးပါ)

http://209.212.144.155/BDFM1

Click လုပ်ပြီး နားထောင်

Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

Showing posts with label မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များ. Show all posts
Showing posts with label မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များ. Show all posts

မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များ

Thursday, January 7, 2010

ကဆုန်လပြည့်နေ့
(၁)မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော ဘုရားအလောင်း ဖွားမြင်တော်မူသည်။
(၂)မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အင်ကြင်းတော သုံးလောကထွတ်ထား သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။
(၃)မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံ အလုံးစုံသော သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဝါဆိုလပြည့်နေ့
(၁)မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့တွင် အလောင်းတော် သန္ဓေယူတော်မူသည်။
(၂)မဟာသက္ကရာဇ် (၉၇) ခုနှစ်၊ ၀ါဆိုလပြည့် တနလာင်္နေ့တွင် အလောင်းတော် တောထွက်တော်မူသည်။
(၃)မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇီ) တို့အား မိဂဒါဝုန်တော ဓမ္မစကြာတရားတော်ကို တရားဦးအဖြစ် ဟောကြားတော်မူသည်။
(၄)မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ၀ါဆိုလပြည့် မိစ္ဆာတိတ္ထိတို့အား ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာ ပြတော်မူသည်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၅) ရက် ကြာသပတေးနေ့တွင် မြတ်ဗုဒ္ဓသည် သောတာပန်တည်ပြီးသော ပဉ္စ၀ဂ္ဂီ (၅) ပါးတို့အား အနတ္တလက္ခ္စဏဒေသနာတော်အား ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ပဉ္စ၀ဂ္ဂီ (၅) ပါးလုံး ကိလေသာကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ရှိကြကုန်၏။

မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်၌ ၀ါတွင်းကာလပတ်လုံး အဘိဓမ္မာတရားတော် ဟောကြားတော်မူခြင်းပြီးဆုံး၍ လူ့ပြည်သို့ ပြန်လည်ကြွရောက်တော်မူသည်။ အဘိဓမ္မာအခါတော်နေ့ဟု ခေါ်ဝေါ်ပညတ်ခဲ့ကြ၏။

တန်ဆောင်မုန်းလပြည့်နေ့ အခါရာသီအားဖြင့်လည်းကောင်း သစ်ပင်ပန်းမန်တို့ စုံစုံညီညီပွင့်ကြခြင်းအားဖြင့်လည်းကောင်း၊ အလွန်သာယာကြည်နူးဖွယ်ကောင်းလှသော ညချမ်းချိန်ခါဝယ် မြတ်ဗုဒ္ဓသည် အဇာတသတ်မင်းကြီးနှင့်တကွ အလွန်ကျက်သရေရှိလှ၍ အလွန်ကြည်ညိုဖွယ်ကောင်းလှသော အပ်ကျသံပင်မကြားရလောက်အောင်ပင် အလွန်တိတ်ဆိတ် ဣနြေ္ဒရှိလှသော ရဟန်းပရိသတ်ကြီးအား ရဟန်းဝတ်ရခြင်း အကျိုးကိုပြဆိုသည့် သာမညဖလမြတ်ဒေသနာတော်ကို ဟောကြားတော်မူသည်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ တပို့တွဲလပြည့်နေ့ ညချမ်းချိန်ခါတွင် မြတ်ဗုဒ္ဓသည် သံဃာပရိတ်သတ်တို့အား ရှေးရှေးနောင်တော်ဘုရားရှင်အပေါင်းတို့၏ ဓမ္မတာအစဉ်အလာအတိုင်း သြ၀ါဒပါတိမောက် မြတ်တရားဒေသနာတော်ကို ဟောကြားတော်မူ၏။

ဗုဒ္ဓ၀င် ခုနစ်နေ့
ကြာသပတေးနေ့တွင် ဘုရားအလောင်း ပဋိသန္ဓေယူတော်မူသည်။
သောကြာနေ့တွင် ဖွားမြင်တော်မူသည်။
တနလာင်္နေ့တွင် တောထွက်တော်မူသည်။
ဗုဒ္ဓနေ့တွင် သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။
စနေနေ့တွင် မြတ်ဗုဒ္ဓသည် ဓမ္မစကြာတရားဦးဟောကြားတော်မူသည်။
အင်္ဂါနေ့တွင် မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန်စံတော်မူသည်။
တနင်္ဂနွေနေ့တွင် မြတ်ဗုဒ္ဓ၏ ရုပ်ကလာပ် တေဇောဓါတ် မီးလောင်တော်မူသည်။